ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ကတော့ သားသားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မေမေတစ်ယောက်ဖြစ်ပါတယ်နော်။ချစ်ခင်ပွန်းအောင်သူကလည်း ဇနီးနဲ့သားလေးကို ချစ်ခင်ယုယမှုတွေနဲ့အတူ နွေးထွေးလုံခြုံစွာစောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လို့ ပိုးအိအိခန့်တို့မိသားစုဘဝလေးက အရမ်းပျော်ရွှင်စရာကောင်းပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Myday
Photo Credit:Poe Ei Ei Khant's Facebook Myday
Photo Credit:Poe Ei Ei Khant's Facebook Myday

ပိုးအိအိခန့်ကတော့ သားလေးဘေးနားမှာ တစ်ချိန်လုံးနေပေးပြီးပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ မလုပ်ကိုင်သေးပါဘူးနော်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ပိုးအိအိခန့်ကို ပရိသတ်တွေကအချစ်မပြယ်ဘဲနဲ့ အားပေးနေကြဆဲဖြစ်ပြီး သူမတို့ရဲ့မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲစောင့်ကြည့်ပြီးချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Myday
Photo Credit:Poe Ei Ei Khant's Facebook Myday

သူမရဲ့သားချောလေး ကိုကိုးဆိုရင် မကြာခင်မှာ(၆)လ ပြည့်တော့မှာဖြစ်ပြီး အောင်သူနဲ့ချွတ်စွပ်တူတဲ့သားလေးပါနော်။ပါးဖောင်းဖောင်းလေးတွေနဲ့ အမြဲတမ်းလိုလို ပြုံးရွှင်နေတတ်တဲ့ကလေးလေးဖြစ်လို့ လူချစ်လူခင်လည်းပေါများပါတယ်။အခုဆိုရင်‌တော့ မေမေပိုးအိအိခန့်က လေ့ကျင့်ခန်းလုပ်နေတာကို မျက်လုံးလေးဝိုင်းပြီးစိတ်ဝင်တစားနဲ့ကြည့်နေတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook Myday
Photo Credit:Poe Ei Ei Khant's Facebook Myday
Photo Credit:Poe Ei Ei Khant's Facebook Myday

Photo Credit:Poe Ei Ei Khant's Facebook Myday

Source:Poe Ei Ei Khant's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။