ပါးလေးဖောင်းဖောင်းလေးနဲ့ ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်(ခ) liam လေးပဲ ဖြစ်ပါတယ်။ အမြဲတမ်းလိုလို သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။ ခေးလေးတို့ဇနီးမောင်နှံဟာလည်း အားလပ်ချိန်တိုင်းကို သားလေးကိုသာ အချိန်ပြည့်ပေးနေတာပါ။

Photo Credit- Yunwaddy’s Instagram Stories
Photo Credit- Yunwaddy’s Instagram Stories
Photo Credit- Yunwaddy’s Instagram Stories

ဖိုးဖိုးနဲ့ဖွားဖွားဟာလည်း တစ်ဦးတည်းသော မြေးလေးဖြစ်တာကြောင့် ချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့ ဗီဒီယိုလေးတွေကိုလည်း ခေးလေးရဲ့ လူမှုကွန်ယက်မှတစ်ဆင့် မကြာခဏဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Yunwaddy’s Instagram Stories
Photo Credit- Yunwaddy’s Instagram Stories
Photo Credit- Yunwaddy’s Instagram Stories

ဒါကတော့ မေမေ့ကိုကာတွန်းကားကြည့်ဖို့ပူဆာနေတဲ့ Liam လေးရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ခေးလေးရဲ့ Instagram stories မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Yunwaddy’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။