ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ယောက်လုံးကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး အနုပညာခြေလှမ်းတွေစိပ်နေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ရွှေထူးနဲ့ရွှေမှုံတို့နှစ်ယောက်က ဇာတ်ကားအတူတူတွဲရိုက်ကြမှာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ဇာတ်ကားတိုင်းကို အားပေးကြည့်ရှု့ကြပါတယ်။
ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ဂရုစိုက်ကြလို့ သာယာနွေးထွေးတဲ့အိမ်ထောင်ရေးလေးပါနော်။ရွှေထူးကလည်း ချစ်ဇနီးချောလေးကို အစ်ကိုလိုတစ်မျိုး၊ဖခင်လိုတစ်သွယ်နဲ့ လုံခြုံမှုတွေပေးနိုင်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။ရွှေမှုံလေးကတော့ ချစ်ခင်ပွန်းကိုအစစအရာဂရုစိုက်ပေးနေတာပါ။
ရွှေမှုံတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို ပရိသတ်တွေကလည်း အရမ်းချစ်ကြပြီး သူတို့ရဲ့ကြည်နူးမှုလေးတွေနဲ့ရိုဆန်နေကြတာလေးတွေကို အားကျနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေမှုံက "ကိုယ့်ရဲ့Idolနဲ့ ရှုတင်"ဆိုပြီး ကြည်နူးနေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ရွှေမှုံလေးတို့ရဲ့စုံတွဲပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Shwe Hmone Yati's Facebook page
Source:Shwe Hmone Yati's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။