မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်ကအလှမယ်လေးတစ်ဦးဖြစ်ခဲ့သလို သရုပ်ဆောင်အဖြစ်လည်း အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံက ပြုံးလိုက်တိုင်းမှာ ကြည်လင်ဝင်းပတဲ့ မျက်နှာလှလှလေးနဲ့ ချစ်ဖို့ကောင်းသူလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးယုက ကလေးတစ်ယောက်ရရှိပြီးတဲ့အချိန်တိုင်အောင် အပျိုတုန်းကခန္ဓာကိုယ်လေးအတိုင်းကျစ်လျစ်လှပနေဆဲ ဖြစ်ပါတယ်။

Photo Credit- Moe Yu San's Facebook Acc
Photo Credit- Moe Yu San's Facebook Acc
Photo Credit- Moe Yu San's Facebook Acc

လက်ရှိမှာတော့ မိုးယုစံအနေနဲ့ အနုပညာလှုပ်ရှားမှုလေးတွေအဖြစ် ကြော်ငြာနဲ့ Photo Shooting လေးတွေ ပြန်လည်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ သိုက်သိုက်ဝန်းဝန်းနဲ့ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုက အခုလည်း နှစ်ကူးမှာပျော်ရွှင်လို့နေတာ ဖြစ်ပါတယ်။ မိုးယုတို့မိသားစုလေးက တရုတ်နှစ်သစ်ကူးအချိန်လေးမှာ ဘိုးဘွားတွေကို လူစုံတက်စုံနဲ့ကန်တော့နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Moe Yu San's Facebook Acc
Photo Credit- Moe Yu San's Facebook Acc
Photo Credit- Moe Yu San's Facebook Acc

မိုးယုစံက '' နှစ်ကူး ဘိုးဘွားတွေကိုကန်တော့ရင်း အမုန်းဆွဲ'' ဆိုပြီး မိသားစုအမှတ်တရပုံလေးတွေကို လူမှုကွန်ယက်မှာမျှဝေထားတာ ဖြစ်ပါတယ်။ မိုးယုတို့မိသားစုလေးက စားကောင်းသောက်ဖွယ် စုံစုံလင်လင်နဲ့ ဘိုးဘွားကန်တော့ပွဲလေးကိုကျင်းပရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မိုးယုစံတို့မိသားစုရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Moe Yu San's Facebook Acc

Photo Credit- Moe Yu San's Facebook Acc

Photo Credit- Moe Yu San's Facebook Acc
ုPhoto Credit- Moe Yu San's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။