ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ထိုက်ထိုက်အောင် က နည်းပြသင်ကြားပြသတဲ့အတိုင်းလိုက်နာပြီး အနိုင်သုံးမှတ်ရယူမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း သည် မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

Photo Credit - Yangon United FC

ယခုနှစ်ရာသီတွင် ရောက်ရှိလာသည့် နောက်တန်း ကစားသမားထိုက်ထိုက်အောင် က “ရာသီအစမှာတော့ အသင်းတိုင်းက အထိုင်ကျဖို့အတွက် အတော်လေး ပြင်ဆင်ကြရပါတယ်။ ပထမဦးဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ကစားရတာ အခက်အခဲရှိခဲ့ပါတယ်။ အိမ်ကွင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကတော့ ကြိမ်းသေ သုံးမှတ်ရရှိအောင် ကစားပါမယ်။ သူတို့က အဝေးကွင်းဖြစ်တဲ့အတွက် ခံစစ်ဦးစားပေးပုံစံနဲ့ ပွဲထွက်လာမယ်လို့ထင်ပါတယ်.....ဇွဲကပင်အသင်းကလည်း ဖျက်မြင်းအသင်းလို့ ပြောလို့ရပါတယ်။ အသင်းကြီးတွေကိုလည်း သရေ၊ အနိုင် ရလဒ်တစ်ခု ရရှိအောင် စွမ်းဆောင်နိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ကစားသမားတွေနဲ့လည်း သေချာပြင်ဆင်ထားတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က သေချာအာရုံစိုက် ကစားသွားပမယ်.....

Photo Credit - Yangon United FC

ကျွန်တော်တို့ကစားခဲ့တဲ့ နှစ်ပွဲစလုံးကို ပရိသတ်တွေ တစ်ခဲနက် လာရောက်အားပေးကြတဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ရလဒ် ရရှိအောင် အကောင်းဆုံးကြိုးစားတာထက် ပိုပြီး ကြိုးစားသွားပါမယ်။ ဒါကြောင့် ပရိသတ်တွေလည်း ကွင်းထဲထိ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ၂၀၁၉ တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိထားခဲ့ပါတယ။်ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ်တွင် ချင်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရမှတ် ၃ မှတ်ပြည့်ရရှိထားကာ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိပြီး ဇွဲကပင်ယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်လျက်ရှိပါတယ်။

Photo Credit - Yangon United FC

Source - Yangan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။