မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အထက်မြန်မာပြည် ဒါဘီပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ၁၈ မိနစ်မှာ ဝင်းနိုင်စိုးရဲ့ ဖန်တီးပေးမှုကနေ အောင်သူ ဂိုးသွင်းယူပေးခဲ့ပေမယ့် ၃၈ မိနစ်မှာ ဇော်လင်းထက်က ပြန်လည် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် သရေရဒ်ဖြင့်သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit - Myanmar National League's Facebook Page
Photo Credit - Myanmar National League's Facebook Page

ရတနာပုံအသင်းက ပွဲစဉ်(၃)မှာ ရန်ကုန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲကတော့ ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲပဲ ဖြစ်ပါတယ်။ စစ်ကိုင်းယူနိုက်တတ်အသင်းက ရှမ်းယူနိုက်တတ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League's Facebook Page
Photo Credit - Myanmar National League's Facebook Page

တစ်ခြားပွဲစဥ်တွေမှာတော့ ရခိုင်ယူနိုက်တက် အသင်း က ၁-၀ဖြင့်ဆောက်သမ်းမြန်မာ အသင်း ကို အနိုင်ရရှိခဲ့ပါတယ်။ နှစ်သင်းလုံးမှပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပထမပိုင်း၂၁မိနစ် တွင် ရခိုင် အသင်း တွက် ဦးဆောင်ဂိုးကို ကောင်းမြတ်ကျော် က သွင်းယူပေးခဲ့ပါတယ်။ 

Source : Myanmar National League's Facebook Page

Photo Credit - Myanmar National League's Facebook Page
Photo Credit - Myanmar National League's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။