မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သန္တာဗိုလ်ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးပြီး အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင် ချောရတနာရဲ့ညီမချောလေးဖြစ်တဲ့ သန္တာဗိုလ်က မင်းသား ကောင်းပြည့်ရဲ့ချစ်သူလေးလည်း ဖြစ်ပါတယ်။ သာမန်ထက်ထူးခြားပြီး ညို့အားပြင်းရဲ့ အလှတရားစစ်စစ်တွေကို ပိုင်ဆိုင်ထားတဲ့ သန္တာဗိုလ်က ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေရောချစ်ရတဲ့ ရွှေမင်းသမီးလေးပဲ ဖြစ်ပါတယ်။ 

Photo Credit :Lwin Htet
Photo Credit :Lwin Htet

အနုပညာလုပ်ငန်းမှာ အောင်မြင်မှုရရှိရုံသာမကပဲ အချစ်ရေးမှာလည်း အေးချမ်းသာယာတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုပိုရှိပြီး အချိန်အတော်ကြာအောင် လက်တွဲနိုင်ကြတာလည်း ဖြစ်ပါတယ်။ အခုလို လူတိုင်းက အားကျချစ်ခင်ရတဲ့ သူတို့စုံတွဲလေးက အရမ်းချစ်ကြတဲ့ သံယောဇဉ်တွေကြောင့် သစ္စာမပျက် ခိုင်မြဲနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit :Lwin Htet
Photo Credit :Lwin Htet

သန္တာဗိုလ်ကတော့ သူမရဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြလေ့ရှိသည့်အပြင် အမြဲလိုလို Tik Tok လေးတွေ ကစားတတ်ပြီး ပရိသတ်တွေကို ဖျော်ဖြေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဆွဲဆောင်မှုရှိလွန်းတဲ့ မြန်မာဖက်ရှင်လေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit :Lwin Htet
Photo Credit :Lwin Htet

Source:Thandar Bo Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။