မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ သင်ဇာဝင့်ကျော်က ပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်မှုတွေဆက်လက်ရရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်က အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်တာကြောင့် ပရိသတ်တွေက သူမရဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲတမ်းစိတ်ဝင်စားနေရတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ ခန္ဓာကိုယ်လေးကလည်း ကျစ်လျစ်သွယ်လျနေတဲ့ သင်ဇာက ပုရိသတွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ သင်ဇာတစ်ယောက် ပွဲအခမ်းအနားလေးတွေကို အဓိကတက်ရောက်နေရပြီး ပြီးခဲ့တဲ့ရက်ကလည်း '' မြန်မာပေါကားတွေရပ်'' ဇာတ်ကားရဲ့ပွဲလေးကို တက်ရောက်ခဲ့ပါသေးတယ်။ အနက်ရောင်ဖက်ရှင်လေးကိုဝတ်ဆင်ပြီး ပွဲတက်လာတဲ့ သင်ဇာက ယုံကြည်မှုအပြည့်နဲ့ လှနေတာဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

ဒီတစ်ခေါက်မှာတော့ သင်ဇာဝင့်ကျော်က လုံခြုံမှုအပြည့်ရှိပြီး ဆန်းသစ်လှပတဲ့ဖက်ရှင်လေးကို ရွေးချယ်ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ယဉ်ယဉ်လေးနဲ့တစ်မျိုးလေးကျက်သရေရှိနေတဲ့ သင်ဇာက သူမရဲ့ပုံလေးတွေကို '' မြန်မာပေါကားတွေရပ် Red Carpet Show Congratulations ''ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သင်ဇာဝင့်ကျော်ရဲ့ပွဲတက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw's Facebook Acc

Photo Credit- Amazing Grace

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။