အနုပညာလောကမှာ အအောင်မြင်ဆုံးမင်းသမီးတစ်လက်အနေနဲ့ရပ်တည်နေနိုင်တဲ့အပြင် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားသူလေးကတော့ ပရိတ်သတ်အချစ်တော်လေးဖွေးဖွေးပါ။သူမဟာ သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးမှာပါကောင်းမွန်တဲ့သူလေးဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတဲ့သူလေးပါနော်။ဖွေးဖွေးဟာ လတ်တလောတွင်ပွဲအခမ်းအနားများ ရုပ်ရှင်ကားကြီးများကိုအဆက်မပြတ်ရိုက်ကူးတင်ဆက်နေရတာပဲဖြစ်ပါတယ်။

Photo Credit--Phway Phway's Facebook page
Photo Credit--Phway Phway's Facebook page

မကြာသေးမီက ဖွေးဟာသူမရဲ့facebookစာမျက်နှာတွင် မြင်သော ငိုသောမျက်လုံးဆိုတဲ့captionလေးနဲ့ အလန်းစားပုံလေးတွေကိုတင်ပေးလာပါတယ်။သူမဟာ ပုံမှန်မြင်နေကျပုံစံဒီဇိုင်းမျိုးနဲ့ကွဲထွက်နေပြီး တမူထူးခြားစွာလှနေတာပဲဖြစ်ပါတယ်နော်။ဖွေးရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းများဟာလည်း အမြဲတန်းပရိတ်သတ်တွေကြားထဲမှာရေပန်းစားလျက်ရှိပါတယ်။

Photo Credit--Phway Phway's Facebook page
Photo Credit--Phway Phway's Facebook page

ဖွေး‌စိန်လေးပါ၀င်သရုပ်ဆောင်ထားတဲ့ ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း မကြာခင်တွင်ပရိတ်သတ်တွေရှေ့ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းဖွေးစိန်လေးကိုအရင်ထက်ပိုချစ်ပေးကြမယ်မလား။ဆန်းသစ်လှပနေတဲ့ဖွေးလေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit--Phway Phway's Facebook page
Photo Credit--Phway Phway's Facebook page

Source-Phway Phway's Facebook page

Photo Credit--Phway Phway's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။