မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့သားလေးကို ပထမဦးဆုံးပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ Peach လေးလို့ချစ်စနိုးအမည်ပေးထားတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားလေးက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ Peach လေးမွေးပြီးနောက်ပိုင်းမှာတော့ မေမေသဉ္ဇာနွယ်ဝင်းက ချစ်စရာသမီးချောလေးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Thinzar Nwe Win's Facebook Acc
Photo Credit - Thinzar Nwe Win's Facebook Acc

သားတစ်ယောက်၊သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့မိသားစုလေးကို ရရှိထားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ သားနဲ့သမီးရဲ့ပုံလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံက အခုလည်း သား Peachလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို အသစ်တင်ပေးထားပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းက Super Sunday မှာ သားလေးနဲ့အတူအပြင်ထွက်လည်နေတဲ့ ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

Photo Credit - Steven Hla's Facebook Acc
Photo Credit - Steven Hla's Facebook Acc
Photo Credit - Steven Hla's Facebook Acc

သဉ္ဇာနွယ်ဝင်းရဲ့ခင်ပွန်းက '' Super Sunday With My Super Star '' ဆိုပြီး သားအဖနှစ်ယောက် ပျော်ရွှင်နေတဲ့ပုံလေးတွေကိုမျှဝေထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Peach လေးကတော့ သူ့စိတ်တိုင်းကျ မုန့်တွေကိုအားရပါးရစားရင်း ပျော်ရွှင်လို့နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Steven Hla's Facebook Acc

Photo Credit - Steven Hla's Facebook Acc & Thinzar Nwe Win's Facebook Acc 

Photo Credit - Steven Hla's Facebook Acc
Photo Credit - Steven Hla's Facebook Acc
Photo Credit - Steven Hla's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။