ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်က ယနေ့ခေတ်အထိလည်း အနုပညာအလုပ်တွေကိုလုပ်ဆောင်နေဆဲဖြစ်လို့ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း တစ်ခဲနက်ကိုအားပေးဝန်းရံနေကြတာပါနော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်က တစ်ခေတ်မှာဆံနွယ်ရှည်ရှည်နဲ့ သွားထပ်လေးကြောင့် ချစ်မွှေးပါပြီးပရိသတ်အားလုံးရဲ့အချစ်တွေကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အခုချိန်ထိတောင်နုနယ်ပျိုမျစ်နေတဲ့ လင်းဇာနည်ဇော်က သမီးတစ်ယောက်မွေးထားတဲ့မိခင်လို့တောင်မထင်ရပါဘူးနော်။လင်းဇာနည်ဇော်ကလည်း သမီးလေးအတွက် မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်‌ဇော်တို့ညီအစ်မတွေက စီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ကိုင်ကြပြီး လတ်တလောမှာဆိုရင်သူမတို့ရဲ့ထုတ်လုပ်ရေးကနေ"မြန်မာပေါကားတွေရပ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားတာဖြစ်ပါတယ်။18.1.2020ရက်နေ့မှာဆိုရင် အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Showကို အနုပညာမောင်နှမ‌နှတွေနဲ့အတူကျင်းပခဲ့ကြပါတယ်။လင်းဇာနည်ဇော်ကလည်း အဖြူရောင်လေးနဲ့အရမ်းလှနေပြီး ကျက်သရေရှိစွာပွဲတက်ထားတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Photo Credit:Lin Zarni Zaw's Facebook Account

Source:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။