MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃း၃၀ အချိန် ဧရာဝတီယူနိုက်တက် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ပုသိမ်မြို့ကျောက်တိုင်ကွင်းကြီးထဲ ISPE အသင်းနှင့်ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ကစားခဲ့ကြပါတယ်။ယင်းပွဲစဉ်မှာတော့ဧရာဝတီယူနိုက်တက်အသင်းမှ ၂ - ၁ဖြင့်ISPEအသင်းကိုအနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ထိုပွဲစဉ်မှာတော့ဧရာဝတီယူနိုက်အသင်းတွက်ဦးဆောင်ဂိုးကို ပထမပိုင်း ၄၆မိနစ်မှာRaphael က သွင်းယူပေးခဲ့ပါတယ်။ ISPEအသင်းတွက်ခြေပဂိုးကို ဒုတိယပိုင်းမှာ ဇော်မွန်းအောင်မှ၆၁မိနစ်တွင်သွင်းယူပေးခဲ့ပါတယ်။ ထိုနောက် ဧရာဝတီယူနိုက်တက်အသင်း ရဲ့ အနိုင်ဂိုးကိုတော့ Raphael ကပဲ သွင်းယူပေးခဲ့ပြီး ပွဲချိန်ပြီဆုံးချိန်မှာတော့ ဧရာဝတီယူနိုက်တက်အသင်းက ISPEအသင်းကို ၂-၁ဂိုးဖြင့် အနိုင်ရယူခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဧရာဝတီယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာ အနိုင်၃မှတ်ကို ရယူပြန်ခဲ့ပြီး ပရိသတ်တွေရဲ့အရှေ့မှာအကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့တာကို မြင်တွေ့ခဲ့ရမှာလည်းဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်တွေမှာလည်း ဧရာဝတီယူနိုက်တက်အသင်းက ဘယ်အသင်းတွေကို ဘယ်လိုအနိုင်ရယူသွားမလဲဆိုတာ ပရိသတ်ကြီးရေ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။