အမိုက်စားခန္ဓာကိုယ်အချိုးအစားနဲ့ ‌ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးကတော့ပရိတ်သတ်အချစ်တော်မင်းသမီးချော‌လေးခင်၀င့်၀ါပါ။ခင်၀င့်၀ါဟာ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာအချိန်ကြာကြာရပ်တည်နေနိုင်တဲ့သူဆိုလည်းမမှားပါဘူး။သူမဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး ရုပ်ရှင်ကားကြီးများလည်းအဆက်မပြတ်‌ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit-Khin Wint Wah's Facebook page
Photo Credit-Khin Wint Wah's Facebook page

မကြာသေးမီက ခင်၀င့်ဝါဟာသူမရဲ့facebookစာမျက်နှာတွင်ဘယ်ဘက်မျက်လုံး လေး ကြောင့် မျက် မှန် တတ်ရလို့ ပဲများ သလို ဖြစ် သွားတယ် မျက်လုံးကသက်သွားပါပြီနော် အသည်းဝါလေးတို့ရေမျက်မှန် နဲ့ အဘွားကြီးပေါက်စ တော့ဖြစ်သွားတယ်ဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။သူမဟာ ခရမ်းရောင်မြန်မာ၀တ်စုံလေးနဲ့ ကျက်သရေရှိရှိလေးလှနေတာဖြစ်ပါတယ်။

Photo Credit-Khin Wint Wah's Facebook page
Photo Credit-Khin Wint Wah's Facebook page

ခင်၀င့်ဝါဟာလတ်တလောတွင် အနုပညာမောင်နှမများစွာနဲ့အတူ ၀င်္ကပါလမ်းမများဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးတော့မှာဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော ဒီဇာတ်လမ်းတွဲထွက်လာရင်အားပေးကြမယ်မလား။မျက်မှန်လေးနဲ့ချစ်စရာကောင်းနေတဲ့ ခင်၀င့်ဝါရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin Wint Wah's Facebook page
Photo Credit-Khin Wint Wah's Facebook page

Source-Khin Wint Wah's Facebook page

Photo Credit-Khin Wint Wah's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။