နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး ဟိန်းဝေယံပဲ ဖြစ်ပါတယ်။ သူ့ရဲ့ တည်ကြည်ခန့်ညားမှုနဲ့ လိုက်ဖက်သော ဖက်ရှင်တွေကို ဝတ်စားတတ်မှုတို့ကြောင့် နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်းကြွေနေရတာပါ။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင်အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသားတစ်လက်ပါ။ 

Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account
Photo Credit- Hein Wai Yan’s Facebook Account

လတ်တလောမှာလည်း သရုပ်ဆောင် ကျော်ကျော်၊ဆုမြတ်နိုးဦး ၊ စိုးပြည့်သဇင် တို့နဲ့အတူ " နှလုံးသား ဒိုင်ယာရီ " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာလေးတွေပါ ရိုက်ကူးဖြစ်နေတာပါ။ အခုမှာလည်း ရှုတင်နားချိန်လေးမှာ သူငယ်ချင်းတွေနဲ့အတူ Tik Tok Video လေးတစ်ခု ရိုက်ကူးထားတာပါ။

Photo Credit- Kyaw Naing Oo’s Facebook Account
Photo Credit- Kyaw Naing Oo’s Tik Tok Account
Photo Credit- Kyaw Naing Oo’s Tik Tok Account

ဒါကတော့ ရှုတင်နားချိန်လေးမှာ အခွီကကွက်လေးတွေကနေကြတဲ့ ဟိန်းဝေယံ၊စိုးပြည့်၊ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ကျော်ကျော်ရဲ့Tik Tok အကောင့်လေးမှာ တင်ထားနာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Kyaw Naing Oo’s Tik Tok Account

Photo Credit- Hein Wai Yan’s Facebook Account And Kyaw Naing Oo’s Facebook and Tik Tok Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။