MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၂ အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ဇွဲကပင်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်ခဲ့ပါတယ်။ယနေ့ပွဲစဉ်တွင်ပွဲချိန် ၁၈ မိနစ်တွင် ဇွဲကပင်အသင်း ၁၈ ကိုက်ထိပ်တွင် ပြစ်ဒဏ်ဘော ရရှိခဲ့ပြီး အီမာဆင် က ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်တွင် ဇွဲကပင်အသင်း ပင်နယ်တီ ရရှိခဲ့ပြီး ရဆန် ကန်သွင်းခဲ့သော်လည်း အယောင်ပြကန်သွင်းမှုပြုလုပ်သဖြင့် စည်းမျဉ်းအရ ဂိုးအဖြစ်သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရန်ကုန်အသင်းအတွက် ချေပဂိုးကို အီမာနျုရယ် က ပွဲချိန် ၃၈ မိနစ်တွင် တစ်ဖက်နောက်တန်းနှင့် ယှဉ်တိုက်ပြီး သွင်းယူခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။သို့ရာတွင် ရန်ကုန်အသင်း၏ ဆက်တိုက် တိုက်စစ်ဆင်ကစားမှုများကြောင့် ပွဲချိန် ၇၃ မိနစ်တွင် အောင်ကျော်နိုင် ကန်ချက်ကို တစ်ဖက် ဂိုးသမားရှင်းထုတ်ရာမှ ပြန်ထွက်လာသည့် ဘောလုံးကို မောင်မောင်လွင် ကန်သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရန်ကုန်အသင်းအတွက် အဆုံသတ် အနိုင်ဂိုးကို အချိန်ပို ၄ မိနစ်တွင် အောင်ကျော်နိုင် ဂိုးရှေ့ချပေးသည့် ဘောလုံးကို အီမာနျုရယ် ပိတ်သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း သည် ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ရဂိုး ၅ ဂိုး၊ ပေးဂိုး ၂ ဂိုး၊ ရမှတ် ၆ မှတ်ရရှိထားကာ အမှတ်ပေးဇယားထိပ်တွင် ရပ်တည်လျက်ရှိပြီး ပွဲစဉ် ၃ တွင် ရတနာပုံ အသင်းနှင့် ဇန်နဝါရီလ ၂၆ ရက်နေ့၊ အိမ်ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League

Source - Yangan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။