ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုအိမ့်စံကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လတ်တလောမှာလည်း Dancing with the Stars myanmarမှာ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ဆုအိမ့်စံက အရမ်းကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ သူမရဲ့အကစွမ်းရည်ကလည်း ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင် ကောင်းမွန်တာကိုတွေ့ရပါတယ်နော်။

Photo Credit:Hsu Eaint San's Facebook page
Photo Credit:Hsu Eaint San's Facebook page
Photo Credit:Hsu Eaint San's Facebook page

ဆုအိမ့်စံကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုခြေလှမ်းတိုင်းကိုစောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။ဆုဆုလေးက စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့ပြီး သဘောကောင်းမနောကောင်းသူလေးဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်။ဆုဆုရဲ့အလှအပတွေဟာဆိုရင်လည်း ပြစ်မျိုးမှဲ့မထင်လှပတာဖြစ်လို့ မိန်းကလေးချင်းတောင်ငေးမောရပါတယ်‌နော်။

Photo Credit:Hsu Eaint San's Facebook page
Photo Credit:Hsu Eaint San's Facebook page

အခုနောက်ပိုင်းမှာတော့ ဆုဆုလေးကအေးအေးချမ်းချမ်းနေထိုင်ပြီး အလုပ်တွေကိုသာကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဆုအိမ့်စံက"ပင်ပန်းနေပေမယ့်လည်း ပြုံးထားပါတယ်..."ဆိုတဲ့စာသားလေးရေးကာ သူမရဲ့ပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။တစ်နေ့တစ်ခြားပိုပိုလှလာပြီး အပြုံးချိုချိုလေးတွေနဲ့ချစ်စရာကောင်းနေတဲ့ ဆုဆုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Hsu Eaint San's Facebook page
Photo Credit:Hsu Eaint San's Facebook page
Photo Credit:Hsu Eaint San's Facebook page

Photo Credit:Hsu Eaint San's Facebook page

Source:Hsu Eaint San's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။