သရုပ်ဆောင် မင်းသားချော နေမင်းနဲ့ သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိထားကြတာ ဖြစ်ပါတယ်။ တစ်ချိန်က အနုပညာလှုပ်ရှားမှုတွေကို အတူတွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ နေမင်းနဲ့ အေးမြတ်သူတို့က အတွဲညီတဲ့အနုပညာမောင်နှမတွေပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ကြပါသေးတယ်။ 

Photo Credit- Amazing Grace
Photo Credit- Amazing Grace

လက်ရှိမှာတော့ နေမင်းကလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်နေသလို အေးမြတ်သူကလည်း ဇာတ်ကားတွေနဲ့ ကြော်ငြာတွေရိုက်ကူးနေရပါတယ်။ အခုတော့ နေမင်းက ချစ်သူငယ်ချင်း အေးမြတ်သူနဲ့ဆုံတုန်းမှာ အမှတ်တရပုံလေးတွေရိုက်ကူးပြီး ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ စကားတပြောပြောနဲ့ ရယ်မောပျော်ရွှင်နေတဲ့ နေမင်းတို့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

နေမင်းက '' #ငယ်ကချစ်...အနှစ်တစ်ရာမမေ့သာ....ငယ်တုန်းကရန်အမြဲဖြစ်နေကြတဲ့တို့၂ယောက်... ခုတော့လည်း လူပျိုကြီး/အပျိုကြီးတွေဖြစ်နေကြပြီကွယ် '' ဆိုတဲ့စာသားလေးနဲ့အတူ ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ နေမင်းတို့သူငယ်ချင်းနှစ်ယောက်ကတော့ တကယ့်ကိုချစ်ချစ်ခင်ခင်နဲ့ မြင်တွေ့ရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေမင်းနဲ့ အေးမြတ်သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Nay Min's Facebook Acc

Photo Credit- Amazing Grace

Photo Credit- Amazing Grace
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။