MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂ ပွဲစဉ်များ အပြီးမှာအသင်းတိုင်းကအကောင်းဆုံး အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ၂၀၂၀ ရာသီပွဲစဉ်မှာတော့ အသင်းတွေက မနှစ်ကထက်ပိုမို ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ခြေစွမ်းပိုင်းတွေမှာလည်း ပြောစရာမရှိလောက်အောင်တိုးတက်လာတာကိုတွေမြင်ခဲ့ရပါတယ်။

Photo Credit - Myanmar National League

ပွဲစဉ် ၂ အပြီးမှာတော့ ၂ ပွဲဆက် နိုင်ပွဲယူနိုင်ခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ဟံသာဝတီ ယူနိုက်တက် အသင်းတို့က အမှတ်ပေးဇယားထိပ်မှာ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အထက်အောက် ရပ်တည်နေပါတယ်။ အသင်းတိုင်းကတော့ တစ်ပတ်နဲ့တစ်ပတ် ပိုမိုပြိုင်ဆိုင်မှုအားကောင်းလာတာကို ပရိသတ်ကြီးလည်းမြင်တွေ့ခဲ့ရပြီလည်း ဖြစ်မှာပါနော်။

Photo Credit - Myanmar National League

ပွဲစဉ် ၂ ပြီးချိန်အထိ လုံးဝနိုင်ပွဲမရသေးတဲ့ အသင်း ၄ သင်းထိ ရှိနေပြီး မကွေး၊ ဆောက်သမ်းမြန်မာ၊ ISPE နဲ့ ဇွဲကပင်ယူနိုက်တက် အသင်းတို့ပဲ ဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေက အနိုင် ၃မှတ်ကိုရယူပြီး ပြိုင်ပွဲရဲ့အမှတ်ပေးဇယားထိပ်မှာ ဘယ်လိုရပ်တည်သွားနိုင်မလဲဆိုတာ ပရိသတ်ကြီးရေ စောင့်ကြည့်ရှုပေးပါဦးနော်..။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။