ပရိသတ်ကြီးရေ ခေးလေးယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ ကျောင်းခဏပိတ်လို့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကတော့ ပြန်ရောက်နေတဲ့အချိန်လေးမှာ သားသားလေးကိုလည်း အချိန်ပေးသလို အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် ယွန်းဝတီလွင်မိုးတို့မိသားစုလေးက မိသားစုစုံစုံညီညီနဲ့ ပျော်ရွှင်စရာကောင်းလှပါတယ်နော်။

Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page

Liamလေးကလည်း တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး စကားတွေလည်းတီတီတာတာပြောတတ်ကာ ခေး‌‌လေးကိုလည်း"မေမေ"လို့ခေါ်တတ်နေပါပြီနော်။ယွန်းဝတီလွင်မိုးကလည်း အားတဲ့အချိန်တိုင်းမှာ သားသားလေးနဲ့အတူဆော့ကစားပေးပြီး မိခင်မေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။သူမတို့ကိုချစ်တဲ့ပရိသတ်ကြီးကလည်း မိသားစုပုံရိပ်လေးတွေကိုကြည့်ပြီး ထပ်တူပျော်ရွှင်နေရတာပါနော်။

Photo Credit:Nay Myo Thura
Photo Credit:Nay Myo Thura
Photo Credit:Nay Myo Thura

မေမေယွန်းဝတီလွင်မိုးက ပြန်ရောက်နေချိန်မှာ ကြော်ငြာလေးတွေလည်းလက်ခံရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခေးလေးက Ximivogue Myanmarရဲ့ဆိုင်ဖွင့်ပွဲလေးကို နေတိုး၊ပိုးမမှီသာတို့နဲ့အတူတက်ရောက်လာတာဖြစ်ပါတယ်။ခေးလေးကလည်း ပွဲတက်ရင်းနဲ့ သားသားကြိုက်တဲ့ကားလေးတွေတွေ့လို့ စိတ်ကြိုက်ရွေးဝယ်နေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Myo Thura
Photo Credit:Nay Myo Thura
Photo Credit:Nay Myo Thura

Photo Credit:Nay Myo Thura

Source:Yun Waddy Lwin Moe's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။