ပရိသတ်ကြီးရေ တေးသံရှင်ပိုပိုကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေတာဖြစ်ပြီး ခရီးတွေလည်းမကြာခဏသွားနေရတာဖြစ်ပါတယ်။ပိုပိုရဲ့တေးသီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီး အမြဲနားထောင်နေလည်း မရိုးသွားနိုင်တဲ့ သီချင်းကောင်းလေးတွေပါနော်။သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ပိုပိုရဲ့တေးသီချင်းသစ်လေးတွေကိုစောင့်မျှော်နေကြပြီး သီချင်းဟောင်းလေးတွေကိုလည်း အမြဲနားထောင်နေကြတာဖြစ်ပါတယ်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

ပိုပိုက ကိုယ့်အားကိုယ်ကိုးပြီးကြိုးစားဆောင်ရွက်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လို့ ယနေ့အချိန်ထိလည်းအောင်မြင်မှုတွေကိုထိန်းထားနိုင်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိနေတာဖြစ်ပါတယ်။ပိုပိုက သူမကြိုးစားရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ့လည်း အလှူအတန်းတွေကို တတ်နိုင်သလောက်အမြဲတမ်းလုပ်ဆောင်နေတာဖြစ်ပြီး စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

လက်ရှိမှာဆိုရင် ပိုပိုက မကွေးမြို့က ကျောင်းပွဲလေးတစ်ပွဲကိုဖျော်ဖြေဖို့အတွက်ခရီးထွက်နေရပြီး အေးချမ်းတဲ့အညာတောလေးကိုလည်း ရောက်ရှိနေတာဖြစ်ပါတယ်။။ပိုပိုက"အညာသူ လုပ်မယ်ဆို မောင်ကြီးက ဟင်းချက်ကျွေးနော် ကြွက်ကြော်လေး ကြိုက်တယ်"ဆိုပြီး ရေးသားထားကာ စကားတွေတပြောပြောနဲ့ ကြွက်ကြော်ကိုကိုယ်တိုင်ကြော်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

Photo Credit:ပိုပို Facebook Page

Video Credit:ပိုပို Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။