အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိလက်တွဲမဖြုတ်ဘဲ ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို အတူတကွ လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ အမြဲလိုလိုလည်း သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Si Phyo's Facebook Myday
Photo Credit - Si Phyo's Facebook Myday
Photo Credit - Si Phyo's Facebook Myday

စည်ဖြိုးဟာ လတ်တလောမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ ခြေထောက်တွင် အသားမာကြိတ်ဖြစ်တာကြောင့် လာရောက်ခွဲစိတ်မှုခံယူနေတာပဲ ဖြစ်ပါတယ်။ ချစ်သူလေးကလည်း စည်ဖြိုးနဲ့အတူ ပါလာတာပဲ ဖြစ်ပြီးဘေးကနေ ဂရုတစိုက်ပြုစုစောင့်ရှောက်နေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း စည်ဖြိုးရဲ့ လူမှုကွန်ယက်စာမျက်တွင် ပို့စ်လေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Khin Hlwan's Facebook Myday
Photo Credit - Khin Hlwan's Facebook Myday
Photo Credit - Khin Hlwan's Facebook Myday

ဒါကတော့. သူများအားကိုးနဲ့ ..

မျက်နှာသစ် သွားတိုက် ရေချိုး dressing ချိန်း ပြီးပြီ ..

ဆရာဝန် ပတ်တီးဖြည် အရက်ပြန်လောင်း ဖို့ပဲကျန်တော့တယ်..

p.s. ကိုယ်လုပ်တော်လေး ကျေးဇူးပါ မွ.. ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နေမကောင်းနေစဉ်အတွင်းမှာ အစအဆုံးကိုယ်တိုင်ဂရုတစိုက်နဲ့ပြုစုပေးတဲ့ ချစ်သူလေးကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ စည်ဖြိုးရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Si Phyo's Facebook Myday

Photo Credit - Khin Hlwan's Facebook Myday
Photo Credit - Khin Hlwan's Facebook Myday
Photo Credit - Si Phyo's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။