တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဆမ်ဆောင်းက ၎င်း၏ နည်းပညာမြင့် Galaxy Note 7 ဖုန်းများက မီးလောင်မှုများဖြစ်သည့် သတင်းများ ရရှိရာ ထုတ်လုပ်မှုကို လုံးဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ယခင်ကလည်း ယင်းဖုန်းများအား ထုတ်လုပ်မှုပမာဏ လျှော့ချထုတ်လုပ်နေခဲ့ခြင်းဖြစ်သည်။

ဖုန်းဝယ်ယူထားသူများအနေဖြင့် ငွေပြန်လည်ပေးချေခြင်း သို့မဟုတ် အခြားဆမ်ဆောင်းဖုန်းတစ်လုံး ပြန်လည်ပေးခြင်း ပြုလုပ်ပေးဖွယ်ရှိသည်။

အစောပိုင်းက Note 7 ဖုန်းများ ရောင်းချခြင်းကို ရပ်မည်ဟု ဆမ်ဆောင်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။

“ပထမတော့ စုံစမ်းမှုတွေ၊ အရည်အသွေးကြပ်မတ်မှုတွေနဲ့ ထုတ်လုပ်မှုကို ချိန်ပြီး လုပ်သွားဦးမလို့ပါပဲ။ ဒါပေမယ့် ဖောက်သည်တွေရဲ့ လုံခြုံရေးက ထိပ်တန်းဦးစားပေးပဲဖြစ်တယ်။ ဒါကြောင့် Galaxy Note 7 ဖုန်းတွေကို ထုတ်လုပ်မှု ရပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။”ဟု ကုမ္ပဏီက ပြောသည်။

“ဖောက်သည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး အရောင်းရပ်ထားလို့ ဖုန်းတွေ ပြန်လဲပေးတာတွေ လုပ်ခဲ့တယ်။ နောက်တော့ လုံးလုံး မထုတ်လုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။”ဟု ဆမ်ဆောင်းက ပြောသည်။

အစောပိုင်းက နည်းပညာဝယ်ယူသူများသုတေသီပညာရှင်တစ်ဦးက ကုမ္ပဏီပုံရိပ်ကို ရေရှည်ထိန်းနိုင်ရန် Note 7 ဖုန်းများကို ဆမ်ဆောင်းအနေဖြင့် ဖျက်သိမ်းသင့်ကြောင်း ပြောသည်။

သို့သော်လည်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက Note 7 ဖုန်းများကို ဖျက်သိမ်းပစ်မည်ဆိုပါက နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို ထိခိုက်လာလိမ့်မည်ဖြစ်ကြောင်းဂပြောကြားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။