အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သာယာနွေးထွေးတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း သူမလိုပဲအရမ်းချစ်စရာကောင်းတဲ့ သမီးချောချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး သမီးလေးကို လှလှပပနဲ့ကျန်းကျန်းမာမာကြီးပြင်းလာအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

Photo Credit: Sai Kaung Htet
Photo Credit: Sai Kaung Htet

အာဘွိုင်းကလည်း သမီးသုံးယောက်လုံးအပေါ်မှာ ဖခင်မေတ္တာအပြည့်အဝပေးပြီး လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ပါနော်။အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့နှစ်ယောက်က "our travel diaries"ဆိုတဲ့ Page လေးကိုထောင်ပြီး သူတို့ရဲ့ခရီးသွားမှတ်တမ်းလေးတွေကို ရိုက်ကူးပြီး တင်ဆက်ပြသပေးနေကြတာဖြစ်လို့ ပရိသတ်တွေကလည်းအားပေးဝန်းရံကြပါတယ်။

Photo Credit: Sai Kaung Htet
Photo Credit: Sai Kaung Htet
Photo Credit: Sai Kaung Htet

မြတ်ရတနာကျော်တို့မိသားစုက မကြာခဏခရီးတွေသွားပြီး သူမရဲ့မွေးရပ်ဇာတိဖြစ်တဲ့တောင်ကြီးမြို့ကိုလည်း တစ်ခါတစ်လေပြန်ပါတယ်နော်။အခုဆိုရင်တော့ မြတ်ရတနာကျော်တို့မိသားစုသုံးယောက်က လိမ္မော်ခြံထဲမှာ လိမ္မော်သီးလေးတွေခူးပြီးပျော်ရွှင်နေကြတာဖြစ်ပါတယ်။မိသားစုသုံးယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့နွေးထွေးကြင်နာနေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit: Sai Kaung Htet
Photo Credit: Sai Kaung Htet

Photo Credit: Sai Kaung Htet

Source:Kyaw Phyo Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။