ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ငွေဇင်လှိုင်းကတော့ myanmar idol ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရရှိထားခဲ့ပါတယ်။ အဆိုတော်လောကမှာ နေရာတစ်ခုရယူထားနိုင်တဲ့ သူမကတော့ သီချင်းသစ်လေးတွေကို ထွက်ရှိဖို့ ကြိုးစားနေတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Ngwezin Hline 's facebook account
photo credit : Ngwezin Hline 's facebook account

ယခုမှာတော့ ငွေဇင်လှိုင်းတို့ မိသားစုဟာ တက်ညီလက်ညီနဲ့ သိန်း (၁၅၂၀ ) ကုန်ကျသွားခဲ့တဲ့အထိ လှူဒါန်းခဲ့ပါတယ်။ သူမကတော့ " မိသားစု တက်ညီလက်ညီနဲ့ လှူဖြစ်ခဲ့ကြတာ လွန်ခဲ့သော ၂ နှစ် Idol မပြိုင်ခင် တရားစခန်း ဝင်ကြရင်း ဆောက်လက်စ ဓမ္မာရုံအတွက် မျက်နှာကျက် လှူကြဖို့ အစ်မတွေက ဆုံးဖြတ်လိုက်တယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Ngwezin Hline 's facebook account
photo credit : Ngwezin Hline 's facebook account
photo credit : Ngwezin Hline 's facebook account

သူမကတော့ " ဒီလောက် ဂုဏ်ယူဖို့ကောင်းမယ်မှန်းတောင် မသိခဲ့ပေမဲ့ ဒီနေ့ မြင်ရတဲ့အခါမှာတော့ သက်ရှိထင်ရှားရှိစဉ်အခါအတွက်ရော ဘဝချုပ်ငြိမ်းပီး နောင်သံသရာ အတွက်ပါ အလှူတစ်ခုဖြစ်သွားခဲ့ပါပီ စစချင်းလှူမယ်ဆိုတော့ ရာကျော်ပဲကျမယ်ဆိုပီး တဖြေးဖြေး ပီးသွားတဲ့အခါ သိန်း (၁၅၂၀ )တောင် ကျသွားခဲ့တာ မှတ်တမ်းတင်နိုင်ခဲ့ပါပီ တရားအားထုတ်သူယောဂီများ အဆင်ပြေကြပါစေရှင့် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Ngwezin Hline 's facebook account
photo credit : Ngwezin Hline 's facebook account

source: Ngwezin Hline 's facebook account

photo credit : Ngwezin Hline 's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။