ပရိသတ်ကြီးရေ မင်းသမီးချောလင်းဇာနည်ဇော်ကတော့ လတ်တလောမှာဆိုရင် သူမတို့ရဲ့ထုတ်လုပ်ရေးကနေရိုက်ကူးတဲ့"မြန်မာပေါကားတွေရပ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မောင်နှမတွေက ချစ်ခင်စည်းလုံးကြပြီး စီးပွားရေးဆိုလည်း တက်တက်ကြွကြွနဲ့လုပ်ဆောင်ကြတာဖြစ်လို့ အရမ်းအားကျစရာကောင်းတဲ့မောင်နှမတွေပဲဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်ကတော့ သမီးချောလေးမြူလင်းကိုကိုအတွက်လည်း မားမားမတ်မတ်ရပ်တည်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

မြူလင်းကိုကိုက သြစတေးလျမှာကျောင်းတက်ရောက်နေတာဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ကျောင်းလည်းပြီးသွားပြီဖြစ်လို့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း သမီးလေးပြန်ရောက်လာလို့အရမ်းပျော်နေပြီး သားအမိနှစ်ယောက်ကတော့ နောက်ဆိုရင်ပွဲအခမ်းအနားတွေလည်းအတူတူတက်ရောက်တော့မှာပါနော်။အခုဆိုရင်လည်း "မြန်မာပေါကားတွေရပ်"ဇာတ်ကားကြီးရဲ့ Red Carpet Showပွဲကို လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်က အတူတူတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

လင်းဇာနည်ဇော်နဲ့မြူလင်းကိုကို တို့သားအမိနှစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံလေးဆင်တူဝတ်ကြပြီး ညီအစ်မတွေလို့ထင်မှတ်ရလောက်အောင် နှစ်ယောက်လုံးလှနေကြတာဖြစ်ပါတယ်။မြူလင်းလေးကလည်း ရွှေရောင်ဆံပင်လေးနဲ့အရုပ်မလေးလိုချစ်ဖို့ကောင်းနေပြီး သားအမိနှစ်ယောက်ပွဲတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myu Lin Ko Ko's Facebook Account
Photo Credit:Myu Lin Ko Ko's Facebook Account

Photo Credit:Myu Lin Ko Ko&Lin Zarni Zaw's Facebook Account

Source:Myu Lin Ko Ko's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။