ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မိတ်ကပ်ခင်စန်းဝင်းကလည်း အပါအဝင်ပါပဲ..။

အမိုက်စားမိတ်ကပ်ပြင်ဆင်လိမ်းခြယ်မှုတွေနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသလို သရုပ်ဆောင်ပိုင်းမှာလည်း သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေသူပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

မကြီးစန်းလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ခင်စန်းဝင်းကတော့ အခမ်းအနားပွဲတွေ တော်တော်များများလည်း တက်ရောက်ဖြစ်နေပြီး ပြီးခဲ့တဲ့ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ "The Lake House PUB& DINING " ဆိုင်ဖွင့်ပဲလေးကိုလည်း တက်ရောက်လာခဲ့ပါတယ်..။

မယ်လိုဒီနဲ့ ရတနာပုံတို့ သူငယ်ချင်း(၄)ယောက် စပ်တူဖွင့်လှစ်ထားတဲ့ "The Lake House PUB& DINING " ဆိုင်သစ်ဖွင့်ပွဲလေးကို မကြီးစန်းကတော့ အမိုက်စားဖက်ရှင်လေးနဲ့ ခပ်မိမိလေး တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ထင်ရှားပေါ်လွင်စေတဲ့ အနက်ရောင် အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်ပြီး လူမှားသွားလောက်အောင် စတိုင်လ်ကျကျလေး ဝတ်ဆင်ကာ အထာကျကျလေး မိုက်နေတော့တာပါပဲနော်..။

ဒီကနေ့လေးမှာတော့ အခမ်းအနားပွဲလေးကို အမိုက်စားဖက်ရှင်လေးတွေနဲ့ တက်ရောက်လာခဲ့တဲ့ မကြီးစန်းရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာမို့ ပြန်လည်တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။