ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေအခိုင်အမာရရှိကာ အောင်မြင်တဲ့ အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသလို ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောမယ်လိုဒီပဲ ဖြစ်ပါတယ်နော်..။

အဘက်ဘက်ကနေ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ မယ်လိုဒီကတော့ အခုတစ်ခါမှာလည်း စီးပွားရေးလုပ်ငန်းအဖြစ် သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်ရတနာပုံနဲ့အတူ "The Lake House PUB& DINING " ဆိုတဲ့ ဆိုင်လေးကို ဖွင့်လှစ်လိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Kyaw Htet Zaw's Facebook Account

သူငယ်ချင်းလေးယောက်အတူ ဖွင့်လှစ်ထားတဲ့ "The Lake House PUB& DINING " ဆိုင်ကိုတော့ အမှတ်(၂၃)The Central Boulevard မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉)ရက်နေ့က ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဆိုင်ဖွင့်ပွဲကိုတော့ အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြပါတယ်နော်..။

စီးပွားရေးလုပ်ငန်းရှင်များနဲ့ အနုပညာနယ်ပယ်အသီးသီးက မိတ်ဆွေသူငယ်ချင်းတွေလည်းတက်ရောက်ခဲ့ကြသလို ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေကလည်း ဆိုင်ဖွင့်ပွဲ အခမ်းအနားလေးကို အားပေးဝန်းရံကာ ဂုဏ်ပြုတက်ရောက်ခဲ့တာလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

Photo By Myanmarload
Photo By Myanmarload

အနုပညာအလုပ်များကိုရပ်နားပြီးစီးပွားရေးအပိုင်းကိုသာသေချာလုပ်ဆောင်ဖြစ်နေတဲ့ မော်ဒယ်လ်သရုပ်ဆောင် ရတနာပုံနဲ့သရုပ်ဆောင်မယ်လိုဒီတို့သူငယ်ချင်း(၄)ဦးစပ်တူဖွင့်လှစ်လိုက်တဲ့ "The Lake House PUB& DINING " ဆိုင်ဖွင့်လှစ်ဖြစ်ခြင်းနဲ့ပတ်သတ်ပြီး ရတနာပုံနဲ့မယ်လိုဒီတို့ကယခုလိုပြောပြခဲ့ပါတယ်"

တက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေများစွာထဲကမှ ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ ရန်အောင်၊ ကျော်ထက်ဇော်၊ စိုးမြတ်သူဇာ၊ အေးဝတ်ရည်သောင်း၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ ဖူးစုံ၊ ခင်စန်းဝင်းနဲ့ ဒီဇိုင်နာမပုံ့တို့ရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Kyaw Htet Zaw's Facebook Account
Photo Credit - Ma Pont's Facebook Account

Photo Credit - Kyaw Htet Zaw's Facebook Account & Ma Pont's Facebook Account

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။