နက်မှောင်တောက်ပတဲ့ ဆံနွယ်ရှည်လေးကို ပိုင်ဆိုင်ထားသူကတော့ မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူဟာ အချိန်တိုအတွင်း မြန်မာနိုင်ငံမှာသာမကပဲ ပြည်ပနိုင်ငံများတွင်ပါ အောင်မြင်မှုတွေများစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခပ်မိုက်မိုက် စတိုင်လေးကိုတော့ နှုတ်ခမ်းနီမလေးတွေက ကြွေပြီးရင်း ကြွေနေရတာပါ။
လတ်တလောမှာလည်း ကြော်ငြာတွေရိုက်ကူးဖြစ်နေတာပါ။ ဒါ့အပြင် " အိမ်မက်မြစ် " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်နဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း ပရိသတ်ကြီးသိအောင် အမြဲဝေမျှပေးနေတာပါ။
အခုတစ်ခါမှာလည်း မင်းသမီးလေး နွယ်ဒါလီထွန်းနဲ့အတူ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အနမ်းချင်းဖလှယ်နေတဲ့ ပိုင်တံခွန်နဲ့နွယ်ဒါလီထွန်းတို့ရဲ့ ရိုက်ကွင်းပေါ်က Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source and Photo Credit- Paing Takhon’s Instagram Stories
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။