ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ဦးဖြစ်သလို ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းနေတာမို့လည်း ပရိသတ်တွေက အချစ်ပိုနေကြသူလေးပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေရရှိထားပြီး အကယ်ဒမီထူးချွန်ဆုတွေအပြင် ပြင်ပက ပေးအပ်ချီးကျူးတဲ့ ထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ရရှိထားတဲ့ အသည်းကျော်လေးပါပဲနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အချစ်တော်လေး ရွှေကစ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေပြီး အခမ်းအနားတွေလည်းတက်ရောက်ဖြစ်နေကာ မကြာခင်ရုံတင်ပြသတော့မယ့် သူမနဲ့ နေတိုးတို့ရဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုလည်း တက်ရောက်ခဲ့ပါတယ်နော်..။

အနုပညာရှင်များစွာ တက်ရောက်ဝန်းရံခဲ့ကြတဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show မှာလည်း ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အသည်းယားအချစ်ပိုစေပြန်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မကြာသေးခင်က ညှပ်ထားတဲ့ ဆံပင်တိုတိုလေးနဲ့ လိုက်ဖက်ညီလွန်းတဲ့ လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ ဂျင်းဖက်ရှင်လေးကို ဝတ်ဆင်ပြီး ကလေးလေးတစ်ယောက်လို ဆော့ကစားနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ မြက်နု Red Carpet Show ကိုတက်ရောက်ခဲ့တဲ့ ပြည်သူ့အချစ်တော် ဝတ်မှုံရွှေရည် (ဂျိတ်)ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။