စကော့တလန်နိုင်ငံရဲ့ အလံနဲ့ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အစိုးရနယ်မြေ ၃၂ ခုအနက် တစ်ခုဖြစ်တဲ့ အန်းဂတ်စ် ဒေသကောင်စီဟာ စကော့တလန် နိုင်ငံအလံကို ဖျက်သိမ်းပြီး "Angus flag" အန်းဂတ်စ် အလံ အသစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့လိုဆုံးဖြတ်မှုကို စကော့တလန် တစ်နိုင်ငံလုံးရှိ ပြည်သူတွေက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြပြီး လူပေါင်း ၇၀၀၀ ကျော်လောက်က ဆန့်ကျင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

photo credit pngtree

နောက်ဆုံးမှာတော့ အန်းဂတ်စ် အလံကို စကော့တလန် နိုင်ငံတော်အလံနေရာတွင် အစားမထိုးဘဲ အန်းဂတ်စ် ကောင်စီရုံးမှာပဲ နိုင်ငံတော်အလံနှင့်အတူ ယှဉ်တွဲလွှင့်ထူခွင့်ကို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အန်ဂတ်စ် အလံပြောင်းလဲရန် ကြိုးပမ်းမှုဟာ အချိန်နဲ့ ငွေ ဖြုန်းတီးခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုတစ်ရပ်သာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

photo credit pngtree

အလံဒီဇိုင်း အသစ်မှာ အကွက်လေးကွက်ပါပြီး တစ်ကွက်စီတွင် သရဖူဆောင်းထားတဲ့ ခြင်္သေ့တစ်ကောင်၊ ငါးမြှောင့်ပန်းပုံစံ Cinquefoil တစ်ခု၊ ခါးပတ်ခေါင်းတစ်ခုကို ကန့်လန့်ဖြတ်ထားတဲ့ လေးထောင့်ကွက် အစင်းကြောင်းတစ်ခုနှင့် သရဖူ ဆောင်းထားသော အသဲနှလုံးပုံတို့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲ့လိုထည့်သွင်း ပုံဖော်ထားတာဟာ ရှေးခေတ် အန်းဂတ်စ်က မြို့စားလေးဦးရဲ့ အဆင့်ကို ဖော်ညွှန်းထားတယ်လို့ သိရပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။