မင်းသမီးချောလေးရွှေမှုံရတီနဲ့ အဆိုတော်သရုပ်ဆောင်ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အေးအတူပူအမျှလက်တွဲနေကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ရွှေထူးကလည်း အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားရိုက်ကူးလာပြီး ချစ်ဇနီးချောလေးနဲ့တောင်ဇာတ်ကားတွေအများအပြားကိုအတူတူရိုက်ကူးထားတာဖြစ်ပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook Account/Amazing Grace
Photo Credit:Shwe Hmone Yati's Facebook Account
Photo Credit:Shwe Hmone Yati's Facebook Account

ရွှေမှုံလေးကလည်း ချစ်ခင်ပွန်းကို အိုင်တင်နဲ့ပက်သက်ပြီးအကြံဉာဏ်တွေပေးကာ တတ်နိုင်သလောက်ကိုဘေးကနေကူညီပေးတဲ့ ဇနီးကောင်းလေးပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း အရမ်းချစ်တတ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ကို အမြဲအားပေးချစ်ခင်နေကြပြီး သူတို့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းကြိုက်နှစ်သက်ကြတာပါနော်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့အိမ်ထောင်သက်တမ်းကတော့ ၁နှစ်ကျော်သွားပြီဖြစ်ပြီး နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ ချစ်စရာစုံတွဲလေးပဲဖြစ်ပါတယ်။

Photo Credit:Shwe Hmone Yati's Facebook Account
Photo Credit:Shwe Hmone Yati's Facebook Account

ရွှေထူးကလည်းချစ်ဇနီးချောလေးကို အလိုလိုက်အကြိုက်ဆောင်ပြီးစိတ်ချမ်းသာအောင်ထားပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ဇနီးချောလေးရဲ့ စကားပြောနေတဲ့စတိုင်လ်လေးကို ဗီဒီယိုခိုးရိုက်ထားပြီး ချစ်မဝဖြစ်နေတာပါနော်။ချစ်ခင်ပွန်းချစ်မဝဖြစ်ရလောက်အောင် ရွှေမှုံလေးကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့အရမ်းလှနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook Account
Photo Credit:Shwe Hmone Yati's Facebook Account
Photo Credit:Shwe Hmone Yati's Facebook Account

Photo Credit:Shwe Hmone Yati's Facebook Account

Source:Htoo Khant's Facebook Account

Video:Htoo Khant's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။