ချစ်စရာကောင်းလွန်းလို့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အခိုင်အမာအားပေးချစ်ခင်နေကြသူလေးကတော့ ကရင်တိုင်းရင်းသူလေးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ်ရပ်တည်နေတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားဟာ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်ကာ ကြော်ငြာတွေလည်း ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများလည်း တက်ရောက်ဖြစ်နေသလို EUSHIDO & INSIN ရဲ့ အခမ်းအနားပွဲလေးကိုလည်း တက်ရောက်ခဲ့ပါတယ်..။


Photo Credit – Khant Nyar Thaw Photography
Photo By Myanmarload

ပြီးခဲ့တဲ့ရက်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တဲ့ EUSHIDO & INSIN ရဲ့Eushido & Insin ရဲ့ တတိယအကြိမ်မြောက် ဆံသားလည်းလှ ကားလည်းပေါက် အခမ်းအနားပွဲကို အပြာရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်..။

သူမရဲ့နုဖက်ဖြူဝင်းတဲ့ အသားအရေလေးနဲ့ ထင်ရှားပေါ်လွင်လိုက်ဖက်လွန်းတဲ့ နေဗီပြာရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ ကျော့ရှင်းလှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit – Khant Nyar Thaw Photography
Photo By Myanmarload
Photo Credit – Khant Nyar Thaw Photography

အေးချမ်းပြီး ကျော့ရှင်းတဲ့ ပင်ကိုယ်အလှတရားတွေအပြင် ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကလည်း မြင်သူတိုင်းကို ဖမ်းစားအချစ်ပိုစေတဲ့ သူမရဲ့ ဆွဲဆောင်မှုလေးတွေဆိုလည်း မမှားပါဘူးနော်..။

ယောကျ်ားလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ နော်ဖောအယ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo By Myanmarload
Photo Credit – Khant Nyar Thaw Photography
Photo Credit – Khant Nyar Thaw Photography

Photo Credit – Naw Phaw Eh Htar’s Facebook Account & Khant Nyar Thaw Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။