ပရိသတ်ကြီးရေ မင်းသမီးချောလေး ခြူးလေးကတော့ နှစ်အနည်းငယ်အတွင်းမှာပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုအရယူနိုင်ခဲ့ပြီး သူမရဲ့အနုပညာခြေလှမ်းတွေကလည်းအရမ်းအောင်မြင်လာပါတယ်နော်။ခြူးလေးကို ပရိသတ်တွေက Mrtv4 ဇာတ်လမ်းတွဲတွေကနေ စတင်သတိထားမိလာကာ ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကလည်း သူမရဲ့အနုပညာအရည်အသွေးတွေကိုလက်ခံအားပေးလာကြတာဖြစ်ပါတယ်။
ခြူးလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေသလို ဇာတ်လမ်းတွဲတွေအများအပြားမှာလည်းပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ခြူးလေးက ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေပြီး အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာပါနော်။ခြူးလေးရဲ့ Tiktok ဗီဒီယိုလေးတွေကို ပရိသတ်တွေကအားပေးကြည့်ရှု့ကြပြီး မရိုးသွားနိုင်တဲ့သူမရဲ့အိုင်တင်လေးတွေကို ချစ်နေရတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ပရိသတ်အချစ်တော်ခြူးလေးက Justinbiber ရဲ့" yummy "သီချင်းလေးနဲ့ လှလှပပလေးကပြပြီး Tiktok လေးရိုက်ထားတာဖြစ်ပါတယ်။သီချင်းလေးရဲ့သံစဉ်အတိုင်း သူမရဲ့ခန္ဓာကိုယ်လေးကို ဘယ်ညာယိမ်းပြီး ချစ်စရာကောင်းတဲ့ကကွက်လေးတွေနဲ့ ဆွဲဆောင်မှုရှိရှိကပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Photo Credit:Chue Chue's Facebook Account
Video Credit:Chue Lay's Tiktok Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။