ကျော့ရှင်းအေးချမ်းတဲ့အလှ၊ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ပိုးမမှီသာကိုတော့ အားလုံးပဲအချစ်ပိုနေကြမှာပါနော်..။

မော်လ်ဒယ်သရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့ အနုပညာရှင်အဖြစ် လျှောက်လှမ်းနေပြီဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးနဲ့လည်း ဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်..။


Photo By Mynmarload
Photo By Mynmarload

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းရိုက်ကူးကာ အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေတဲ့ ပိုးမမှီသာကတော့ အခုတစ်ခါမှာလည်း EUSHIDO & INSIN ရဲ့ အခမ်းအနားပွဲလေးကိုလည်း တက်ရောက်လာပါတယ်..။

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှတွေကို ပေါ်လွင်စေပြီး ချစ်စရာကောင်းတဲ့ အပြာရောင်ဖက်ရှင်လေးနဲ့ မရိုးမယဉ်လေး ဖမ်းစားကာ EUSHIDO & INSIN ရဲ့ တတိယအကြိမ်မြောက် ဆံသားလည်းလှကားလည်းပေါက် အခမ်းအနားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်..။


Photo By Mynmarload
Photo By Mynmarload

အပြာရောင်ဖက်ရှင်လေးနဲ့ လိုက်ဖက်ညီပြီး ချစ်စရာကောင်းနေတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောလေး ပိုးမမှီသာရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

ယောကျ်ားလေး မိန်းကလေးပရိသတ်မရွေး အားလုံးက ချစ်ခင်နေကြတဲ့ ပိုးမမှီသာရဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Mynmarload
Photo By Mynmarload

Photo By Mynmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။