သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိထားသူကတော့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ပါ။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Li John Photography
Photo credit-Li John Photography

မကြာသေးခင်က၀တ်မှုန်ရွှေရည်ဟာ သူမရဲ့facebookစာမျက်နှာတွင် ဂျိတ် နဲ့ လူကြီးတို့ရဲ့ မြက်နု Premiere Show အမှတ်တရဆိုတဲ့captionလေးနဲ့ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ရွှေကစ်လေးဟာ ကလေးတစ်ယောက်လိုနုပျိုလှပနေပြီးဆံပင်အတိုလေးနဲ့တစ်မျိုးတဖုံဆွဲဆောင်မှုရှိလှပါတယ်။ဒါ့ပြင်သူမဟာ ဆန်းသစ်တဲ့fashionဒီဇိုင်းလေးနဲ့ တမူထူးခြားစွာပေါ်လွင်လှပနေတာလည်းဖြစ်ပါတယ်။

Photo credit-Li John Photography
Photo credit-Li John Photography

မင်းသမီးချောလေးရွှေကစ်ပါ၀င်သရုပ်ဆောင်ထားတဲ့ မြက်နုရုပ်ရှင်ကားကြီးဟာလည်း January 23ရက်မှစ၍ တစ်နိုင်ငံလုံးတွင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း သွားရောက်အားပေးကြမယ်မလား။ဆယ်ကျော်သက်လေးလိုနုပျိုလှပနေတဲ့ ရွှေကစ်‌လေးရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Li John Photography
Photo credit-Li John Photography

Source-Wutt Hmone Shwe Yi's Facebook page

Photo credit-Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။