အဆိုတော် အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်တိုင်လည်း တေးသီချင်းတွေ ရေးစပ်ဖန်တီးလေ့ရှိတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အာဘွိုင်းက အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့် ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။ အာဘွိုင်းက မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာတဲ့အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုဆိုရင် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကိုတောင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိထားတဲ့ အာဘွိုင်းကတော့ သူ့ကိုအမြဲနားလည်ပေးပြီး ဖေးမတတ်တဲ့ချစ်ဇနီးလေးမြတ်ရတနာကျော်ကြောင့် ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။ အခုလည်း အာဘွိုင်းက ချစ်ဇနီးချောလေးအတွက် အမှတ်တရပုံလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးထားပါတယ်။
အာဘွိုင်းက " ကျွန်တော့်လို လူဆိုးကို လိမ္မာအောင်ပြောင်းလဲပေးနိုင်ခဲ့သူ...ကျွန်တော့်ရဲ့ အဆိုး/အကောင်းကို အမြဲနားလည်ပေးခဲ့သူ...ကျွန်တော့်အတွက် မရှိမဖြစ် နေ့စဉ်ခွန်အား Scarlett လေးရဲ့မေမေ...Happy Birthday ပါချစ်မိန်းမရေ... May GOD bless you." ဆိုပြီး မွေးနေ့ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source: Kyaw Phyo Tun's FB Acc
Photo Credit- Ye Min Lay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။