ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ လူလေးကလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ရွှေပိုးအိမ်က လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကိုခံယူနေတာဖြစ်ပါတယ်။သူမကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီးအားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account

ရွှေပိုးအိမ်က လူလူချင်းကိုယ်ချင်းစာပြီး ကရုဏာထားပေးတာကြောင့် အကူအညီလိုအပ်သူတိုင်းကို တတ်နိုင်သလောက်ကူညီပေးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းသမီးချောလေးရွှေပိုးအိမ်က ဗိုလ်ချုပ်ဈေးထဲမှာလိမ္မော်သီးရောင်းနေရတဲ့ အသက်(၇၀)ကျော်အဘိုးရဲ့ အဖြစ်အပျက်လေးကြောင့် လူကိုယ်တိုင်သွားရောက်ပြီး တတ်နိုင်သလောက်ကိုကူညီပြီးလှူဒါန်းပေးခဲ့တဲ့အပြင် အဘိုးရဲ့အိမ်ကိုလည်းလိုက်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account

ရွှေပိုးအိမ်နဲ့ သူမရဲ့We Love အဖွဲ့သားတွေက စုပေါင်းပြီးတော့ အဘိုးအတွက် ငွေကျပ်(၆)သိန်း(၂)သောင်းကို လှူဒါန်းခဲ့ပြီး အဘိုးရဲ့စိတ်မကောင်းစရာအခြေအနေကြောင့် အဘိုးနဲ့ထပ်တူ မင်းသမီးချောလေးရွှေပိုးအိမ်ကပါမျက်ရည်ကျခဲ့ရတာဖြစ်ပါတယ်။စိတ်ထားလေးဖြူစင်မွန်မြတ်ပြီး ကိုယ်ချင်းစာတရားအပြည့်အဝရှိတဲ့ ရွှေပိုးအိမ်ရဲ့အလှူလေးကအရမ်းပီတိဖြစ်စရာကောင်းလွန်းလို့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account
Photo Credit:Shwe Poe Eain's Facebook Account

Photo Credit:Shwe Poe Eain's Facebook Account

Source:Shwe Poe Eain's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။