မိတ်ကပ်ဖန်တီးရှင်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်နေသူကတော့ မိတ်ကပ်ဖန်တီးရှင် မေဦးပဲ ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်လိမ်းခြယ်ရာတွင် မိန်းကလေးတွေရဲ့ အကြိုက်လိမ်းခြယ်နိုင်တာကြောင့် အားလုံးရဲ့ ချီးကျူးမှုတွေကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမဟာ ချစ်ရသူလေး ဟန်လင်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကိုလည်း ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit - May Oo's Facebook Account
Photo Credit - May Oo's Facebook Account
Photo Credit - Han Lin's Facebook Myday

သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်ကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့အတွဲလေးကိုကြည့်ပြီး ပရိသတ်တွေကလည်း ကြည်နူးအားကျနေရတာပါ။ သူတို့နှစ်ယောက်ဟာ မကြာခဏဆိုသလို ခရီးတွေ ထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူတို့အတွဲလေးဟာ အေးချမ်းလှတဲ့ တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမြို့လေးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit - Han Lin's Facebook Myday
Photo Credit - Han Lin's Facebook Myday
Photo Credit - Han Lin's Facebook Myday

မကြာသေးခင်ကလည်း ဟန်လင်းရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးဟန်လင်းကို အသည်းတွေယားပြီး သူ့ရဲ့ပါးနုနုလေးကို ဖွဖွလေးနမ်းနေတဲ့ မေဦးရဲ့ Video လေးပါ။ ပရိသတ်တွေ အတွက် မေဦးနဲ့ ဟန်လင်းတို့နဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Han Lin's Facebook Myday and May Oo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။