ရုပ်ရှင်မင်းသမီးချောလေး အိချောပိုကိုဆိုရင် ပရိသတ်တွေထဲမှာ မသိတဲ့သူ မရှိသလောက်ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို များစွာရိုက်ကူးခဲ့ပြီး လူကြိုက်များခဲ့ မင်းသမီးတစ်လက်လည်းဖြစ်သလို ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားတာလည်း ဖြစ်ပါတယ်..။ မင်းသမီးချောလေး အိချောပို(စူစူ)ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကိုသူလေးလည်း ဖြစ်ပါတယ်။

Photo Credit; Ei Chaw Po's facebook account
Photo Credit; Ei Chaw Po's facebook account

သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကလေးလေး တစ်ယောက်လို ချစ်စရာအပြုအမူတွေကြောင့် ပရိသတ်တွေကို အချစ်ပိုမိစေမှာ အမှန်ပါပဲနော်။ စူစူဟာ အနုပညာအလုပ်ကိစ္စတစ်ခုနဲ့ အခုလက်ရှိပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ မနက်ခင်းအစပြုပုံလေးကို ဖေ့ဘွတ်စာမျက်နှာမျှတဆင့် မျှဝေထားတာပဲဖြစ်ပါတယ်။ ပြင်ဦးလွင်ရဲ့အေးမြလှတဲ့ ဆောင်းရာသီမနက်ခင်းလေးမှာ စူစူက မောနင်းးးးးးဆိုပြီး ပြောထားတာပဲဖြစ်ပါတယ်။ ခေါင်းစွတ်အဖြူရောင်လေးကို ခေါင်းမှာစွတ်ပြီး နှုတ်ခမ်းလေးကိုထော်ကာ အသည်းယားမိအောင် ချစ်စရာဟန်ပန်လေးနဲ့ ပိုစ့် လုပ်ပြနေတာပဲဖြစ်ပါတယ်။  

Photo Credit; Ei Chaw Po's facebook account
Photo Credit; Ei Chaw Po's facebook account

ပရိသတ်ကြီးလည်း အိချောပို(စူစူ)လေးကိုကြည့်ပြီး သဘောကျကာ အရင်ကထက် ပိုချစ်မိတယ်မလား။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ စူစူလေးကို အားပေးစကားလေးပြောသွားကြဦးနော် ပရိသတ်ကြီးရေ။ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ချစ်စရာဟန်ပန်လေးတွေနဲ့ အသည်းယားစေတဲ့ ပရိသတ်အသည်းကျော်လေး စူစူရဲ့ မောနင်းဆိုတဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit; Ei Chaw Po's facebook account

Source; Ei Chaw Po's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။