သရုပ်ဆောင် စည်ဖြိုးဟာ ခန့်ညားတည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံခြင်းကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တိုင်အောင် ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စည်ဖြိုးဟာ မိဘကို သိတတ်သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းများလည်း ရက်ရောတာကြောင့်လည်း ပရိသတ်တွေက ချီးကျူးနေကြတာပါ။  

Photo Credit - Si Phyo's Facebook Account
Photo Credit - Si Phyo's Facebook Account
Photo Credit - Si Phyo's Facebook Account

သူဟာ ချစ်သူခင်လွှမ်းနဲ့အတူ ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွလျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ သူတိုနှစ်ဦးလုံးဟာ အနုပညာအလုပ်တွေကို တစ်ယောက်နဲ့တစ်ယောက် အမြဲတိုင်ပင်ကာ လုပ်ဆောင်လေ့ရှိတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ စည်ဖြိုးဟာ ဘန်ကောက်က ဆေးရုံတစ်ခုမှာ ခြေထောက်တွင် အသားမာကြိတ်ဖြစ်တာကြောင့် လာရောက်ခွဲစိတ်မှုခံယူနေတာပဲ ဖြစ်ပါတယ်။ ချစ်သူ ခင်လွှမ်းကတော့ သူမရဲ့ ချစ်သူဘေးမှာ လိုအပ်တာတွေကို ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

Photo Credit - Khin Hlwan's Facebook Account
Photo Credit - Khin Hlwan's Facebook Account
Photo Credit - Khin Hlwan's Facebook Account

အခုတစ်ခေါက်မှာလည်း ခင်လွှမ်းရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ထားတဲ့ သရုပ်ဆောင် ခင်လှိုင်နဲ့ ဂွမ်းပုံတို့ရဲ့ ပုံစံအတိုင်း ပြန်လည် သရုပ်ဆောင် ထားကြတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ အခွီ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဘဝအမောတွေ ပြေပျောက်စေရန်အတွက် ဒီ Tik Tok ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source - Khinlwan's Tik Tok Account

Photo Credit - Si Phyo's And Khin Hlwan's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။