ကြော်ငြာများ ဗီဒီယိုဇာတ်ကားများဖြင့်ပရိတ်သတ်အားပေးမှုရရှိလာပြီး အနုပညာလောကထဲကိုဝင်ရောက်လာတဲ့မင်းသားချောလေးသူရိယကိုပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။သူဟာ ရုပ်သံဇာတ်လမ်းတွဲများတွင်လည်းပါဝင်ရိုက်ကူးလာပြီး ပရိတ်သတ်အားပေးလက်ခံမှုရရှိထားတဲ့မင်းသားချောလေးတစ်ယောက်ပါ။သူရိယဟာယခုလတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး မြန်မာပြည်အနှံ့ဘုရားဖူးသွားနေတာလည်းဖြစ်ပါတယ်။


Photo Credit-Thu Riya's Facebook page
Photo Credit-Thu Riya's Facebook page

မကြာသေးမီက သူရိယဟာသူ့ရဲ့facebookစာမျက်နှာတွင် ညီမလေးဖြစ်သူမှသမီးလေးမွေးတဲ့အတွက်တူမချောလေးတစ်ယောက်ရရှိတဲ့အကြောင်းပြောပြလာပါတယ်။ချစ်စရာတူမလေးရရှိသွားတဲ့အတွက်ဘဘကြီးဖြစ်သွားလို့သူရိယတစ်ယောက်ကတော့ ပီတိတွေဖြစ်နေတာပါနော်။သူရိယရဲ့တူမလေးကို ၃နာရီ ၄၅မိနစ်တွင်မွေးဖွားခဲ့တာဖြစ်ပြီးဘဘကြီးကတော့လက်ကမချချင်အောင်ကိုချစ်နေတာပဲဖြစ်ပါတယ်။

Photo Credit-Thu Riya's Facebook page
Photo Credit-Thu Riya's Facebook page

သူရိယဟာ အနုပညာလှုပ်ရှားမှုများကိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပရိတ်သတ်တွေအတွက်အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော သူရိယကိုအားပေးကြမယ်မလား။ကျေနပ်ပီတိဖြစ်နေတဲ့ဘဘကြီးသူရိယရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thu Riya's Facebook page
Photo Credit-Thu Riya's Facebook page

Source-Thu Riya's Facebook page

Photo Credit-Thu Riya's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။