ပရိသတ်ကြီးရေ.. သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိခဲ့ကာ ချောမောခန့်ညားပြီးယောကျ်ားပီသတဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူကတော့ အဆိုတော်ချောလေး ဟိန်းမင်းသူပဲ ဖြစ်ပါတယ်..။
ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ ကြွေလောက်စရာသီချင်းစာသား လန်းလန်းလေးတွေအပြင် အမိုက်စား Body လေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေရရှိထားတဲ့ ဟိန်းမင်းသူကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူပါပဲ..။
ပရိသတ်အချစ်တော် အဆိုတော်ချောလေး ဟိန်းမင်းသူကတော့ လူမှုကွန်ယက်ပရိသတ်တွေကြား နာမည်ကြီးလူပြောများနေတဲ့ လိမ္မော်သီးသည် အဘဆီကိုလည်း ငွေကြေးအချို့သွားရောက်လှူခဲ့ပြန်ပါတယ်..။
ဟိန်းမင်းသူဟာ လိမ္မော်ရောင်းတဲ့ အဘဆီ အလှူငွေအဖြစ် (၂)သိန်း သွားရောက်လှူဒါန်းရင်း အဘရဲ့မသန်းစွမ်းသမီးလေးကိုလည်း ချစ်လို့အရုပ်လေး အမှတ်တရလက်ဆောင်ပေးခဲ့ပြီး မှတ်သားစရာသင်ခန်းစာတွေလည်း ရရှိခဲ့တဲ့အကြောင်းလေးတွေကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်..။
"ကျွန်တော်ဒီနေ့ လိမ္မော်သီး ရောင်းတဲ့ အဘဆီကို သွားရင်း တတ်နိုင်တဲ့ငွေ ကြေး ၂သိန်းလှူ ဖြစ်ခဲ့တယ်
ဒီ အလှူကိုလှူရင်း သင်ခန်းစာ နှစ်ခု ရခဲ့မိတယ်
နံပါတ် ၁က ဖခင်မေတ္တာ
မသန်စွမ်းတဲ့ သမီးလေးကို အသက် ၇၁ နှစ်အရွယ် ဒူးခေါင်းမကောင်းဘဲ လိမ္မော်သီးရောင်း ပြီး ရှာကျွေးနေတဲ့ဖခင် စိတ်
ဈေးဗန်းဖျက်ဆီးခံရတဲ့နေ့က သမီးအတွက် မုန့်မပါလာလို့ဝမ်းနည်းတဲ့အ ပြင် မိသားစု ဝမ်းနည်းမှာစိုးလို့ တစ်ယောက်တည်း ကြိတ်ခံစားတဲ့ ဖခင် အိမ်ဦးနတ်တစ်ယောက်စိတ်ဓာတ် ( ဖခင်တိုင်းက အဲ့လိုစိတ်တွေရှိကြပါတယ်)
နံပါတ် ၂ က သည်းခံမေတ္တာထားတတ်တဲ့ စိတ်ရင်း
သူ့ရဲ့ မိသားစု ထမင်းအိုးခွဲ ခံရသလို ခံစားရသော်လဲ သူတို့ရှေ့မှာသာမက သူတို့လဲ တာဝန်အရလုပ်တာပါဆိုပြီး အပြစ်မဆိုတဲ့အပြင် မေတ္တာပါ မပျက်ကွက်တဲ့ အဘိုးတစ်ယောက်
သူတို့ထုချေနေတဲ့ ဈေးဗန်းထဲ မီးခြစ်ပါလို့ သူတို့ ထိမှာစိုးပြီး ထ ပါ ယူပေးတဲ့ စိတ်ကောင်းစေတနာ (အခြားသူတွေဆို ဒီလိုလုပ်တဲ့ကောင်တွေဖြစ်ချင်ရာဖြစ်ဆိုထားမှာလေ)
အဲ့ အချက်တွေရယ် သူ့ရဲ့စိတ်ကောင်းစေတနာတွေက အဘကိုလူတွေက သူ့ရဲ့ မေတ္တာ တရားကိုမြင်စေတာပါ
မေတ္တာရောင် ပြန်ဟက်သလို စိတ်ကောင်းစေတနာ သည်းခံခြင်းတရားတွေကလဲ ကို ဒုက္ခတွေ့တဲ့ခါ ရောင်ပြန်တယ် ဆိုတာ သင်ခန်းစာရလိုက်ပါတယ်
အဲ့ဒါကြောင့်လူအချင်းချင်း မတရားဖိနှိပ်ခြင်းမှ ကင်းဝေးကြပါစေလို့ ဆန္ဒ ပြုရင်း
လေးစားစွာဖြင့်
ဟိန်းမင်းသူ - Hein Min Thu
(ညီမလေးကို ချစ်လို့ အရုပ်လေးတောင် အမှတ်တရလက်ဆောင်ပေးခဲ့သေးတယ်ဗျာ).." ဆိုပြီး သင်ခန်းစာလေးရခဲ့တဲ့အကြောင်းနဲ့ ဆန္ဒပြု ပြောပြထားတာ ဖြစ်ပါတယ်နော်..။
Source & Photo Credit - Hein Min Thu's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။