ဆွဲဆောင်မှုရှိပြီးညို့အားပြင်းတဲ့ အလှတရားတွေနဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ပတ်ထရစ်ရှာပဲ ဖြစ်ပါတယ်နော်..။
ရှာရှာလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပတ်ထရစ်ရှာလေးကတော့ အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတွေအပြင် ထိုင်းမင်းသမီးလေးတစ်ယောက်လို ကျော့ရှင်းပြီး ချစ်စရာကောင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့လည်း ယောကျ်ားလေးပရိသတ်တွေက သည်းသည်းလှုပ်ချစ်ခင်ရသူလေးပါ..။
ရှာရှာလေးကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း စိတ်ကူးယဉ်ဆန်ဆန်လေး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေလိုက်ပြန်ပါတယ်နော်..။
တစ်ယောက်တည်း အေးအေးဆေးဆေးအနားယူကာ အပန်းဖြေစာဖတ်ရင်း ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ရှာရှာလေးရဲ့ ပုံရိပ်လေးတွေကတော့ ပုရိသပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေလောက်အောင် ညို့ယူဖမ်းစားထားတာလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။
"Positive atmosphere.." ဆိုပြီး ရိုမန်တစ်ဆန်ဆန်လေး ချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ရှာရှာလေးက ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။
အကြည့်တွေ မလွဲှနိုင်လောက်အောင် ချစ်စရာကောင်းတဲ့ အလှတရားလေးတွေနဲ့ မိန်းကလေးဆန်ဆန် လှသွေးကြွယ်နေတဲ့ ရှာရှာလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်ကြီးလည်း အရင်ထက် အချစ်ပိုနေကြပြီး မဟုတ်လား..။
Source - Pratricia (Sue Sha Naing) Page
Photo Credit - H T L
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။