အမြဲလိုလို ပျော်ပျော်နေတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အ၀ ရရှိထားသူကတော့ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) ပဲ ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတွေကို အလှဆုံးဖြစ်အောင် တတ်ထားတဲ့ ပညာတွေနဲ့စေတနာထားကာ လိမ်းခြယ်ပေးတာကြောင့်လည်း မိတ်ကပ်လောကမှာ အောင်မြင်မှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သုသုရဲ့မိတ်ကပ်လိမ်းခြယ်မှုတွေကို ထိပ်တန်း အနုပညာရှင်များကပါ ကြိုက်နှစ်သက်ကြတာပါ။  

Photo Credit - Nyi Nyi Maunng's Facebook Account
Photo Credit - Nyi Nyi Maunng's Facebook Account
Photo Credit - Nyi Nyi Maunng's Facebook Account

သုသုဟာ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သုသုဟာ Tik Tok လေးတွေလည်း မကြာခဏဆော့ကစားကာ ဗီဒီယိုလေးတွေ တင်ပေးလေ့ရှိသူတစ်ယောက်ပါ။ 

Photo Credit - Nyi Nyi Maunng's Tik Tok Account
Photo Credit - Nyi Nyi Maunng's Tik Tok Account
Photo Credit - Nyi Nyi Maunng's Tik Tok Account

အခုတစ်ခါမှာလည်း ရဲရင့်အောင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ် ဖြစ်တဲ့ ပတေးတိုး ဆိုတဲ့ သီချင်းလေးကို မင်းသားချောလေးရှိန်းတင်ထူးနဲ့အတူယှဉ်တွဲကာ Tik Tokကစားထားတဲ့ သုသုရဲ့ Video လေးကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သုသုဟာ ရှိန်းတင်ထူးကစားထားတဲ့ Tik Tok Video လေးကို Duet အနေနဲ့ တွဲဖက်ကာ ကစားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သုသုရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Nyi Nyi Maung's Tik Tok Account

Photo Credit - Nyi Nyi Maunng's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။