ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်အောင် ပြုလုပ်နိုင်သူတွေကတော့ ဟာသသရုပ်ဆောင် များပဲ ဖြစ်ပါတယ်။ ဒီဟာသအနုပညာရှင်များထဲတွင် သရုပ်ဆောင် ခင်လှိုင်ဟာလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်များစွာတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။  

Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account

သူဟာ လတ်တလောမှာလည်း မင်းသား မြင့်မြတ်၊ မင်းသမီး အိချောပို ၊ သုသု ၊ လင်းလင်း ၊ တက္ကသိုလ် ဂွမ်းပုံ တို့နဲ့အတူ အထိန်းတော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်တွင် သွားရောက် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူဟာ မကြာခဏဆိုသလိုလည်း အလှူအတန်းတွေ ပြုလုပ်လေ့ရှိပြီး ရရှိတဲ့ ကုသိုလ်တွေကို ပရိသတ်တွေပါ သာဓုခေါ်နိုင်အောင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အမြဲဝေမျှလေ့ရှိတာပါ။ လင်မယားနှစ်ယောက် အမြဲတက်ညီလက်ညီ လှူတန်းနေတာကို ကြည့်ပြီး ပရိသတ်တွေကပါ ကြည်နူးအားကျနေရတာပါ။  

Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account

အခုတစ်ခါမှာလည်း ခင်လှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ချစ်ဇနီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးကို တင်ထားတာပါ။ ဒါကတော့ " ပန်းကလေးထက် ငယ်ဟာပိုလှတယ်

မှတ်ချက်..ကြောက်လို့ပြောတယ်မှတ်ပါ " ဆိုပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အခုချိန်ထိ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာခိုင်မာစွာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ ပရိသတ်ကြီးအတွက် ခင်လှိုင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Khin Hlaing's Facebook Account

Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account
Photo Credit - Khin Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။