သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက် ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်က ချစ်ရတဲ့ သမီးငယ်လေးကို အောင်မြင်စွာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးဟာ ပါးလေးနီနီရဲရဲလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါ။  

Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account

သဉ္ဇာဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို လှုပ်ရှားမှုပုံရိပ်လေးတွေ အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီပုံရိပ်လေးတွေကိုကြည့်ပြီး သူမတို့မိသားစုလေးကို ချစ်မဝဖြစ်နေကြတာပါ။ အခုမှာလည်း ချစ်သမီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account

မကြာခင်မှာ တရုတ်နှစ်သစ်ကူး ကို ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် တရုတ်ရိုးရာဝတ်စုံလေးတွေ ကို ဝတ်ဆင်ကာ အလှဓာတ်ပုံလေးတွေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေထဲမှာ သဉ္ဇာတစ်ယောက် သမီးလေးကို ရင်ခွင်လေးထဲမှာ ပွေ့ချီကာ ကြည်နူးပီတိဖြစ်နေတာပါ။ ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းနဲ့သမီးလေးတွေ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Thinzar Nwe Win's Facebook Account

Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account
Photo Credit - Thinzar Nwe Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။