photo credit - Geek Fam twitter

Geek Gam Dota 2 အသင်းကတော့ Ti 9 အပြီးမှာ သူတို့ရဲ့ roster ကိုပြောင်းလဲပြီး အားသစ်တွေပြန်လည်မွေးခဲ့ပေမယ့် ဒီနေ့ထက်ထိတော့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး ။

လောလောလတ်လတ် ယှဉ်ပြိင်ထားတဲ့ WePlay! Bukovel Minor 2020 မှာဆိုရင်လည်း Geek Fam ဟာ ထင်သလောက်ကြီး အားရစရာမရှိခဲ့သလို teamwork ပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

ပြောင်းလဲပြင်ဆင်စရာတွေရှိနေတဲ့ Geek Fam အနေနဲ့လည်း လက်ရှိအချိန်မှာ အသင်းရဲ့ po 5 player DuBu ဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကိုရီးယားနိုင်ငံသား DuBu ဟာ Geek Fam ကို Ti 9 အပြီး 2019 ခုနှစ် 9 လပိုင်း 18 ရက်နေ့က မှ ပြောင်းရွှေ့လာခဲ့ပြီး မနေ့ 2020 ခုနှစ် 1 လပိုင်း 22 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။

Geek Fam အနေနဲ့လည်း DuBu နေရာမှာ ဘယ်သူ့ကို အစားထိုးခေါ်ယူသွားမလဲဆိုတာကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။

Geek Fam အသင်းရဲ့ ကျန်ရှိနေတဲ့ roster ကတော့

Po 1 – Raven

Po 2 – Karl

Po 3 – KuKu

Po 4 – Xepher တို့ပဲဖြစ်ပါတယ်။ 

source - Geek Fam Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။