ပရိသတ်ကြီးရေ ဟင်းချက်လက်ရာကောင်းတဲ့ ထားဝယ်သူ MRTV-4မင်းသမီးချောလေး ဝင့်ယမုံနိုင်ဟာ “ကျွန်မက မဟေသီ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ စံမြန်းဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်အချစ်တွေကို ပိုရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ကောင်မှာပီပြင်စွာသရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ Forever Groupက ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ အတော်များများမှာ သူမပါဝင်သရုပ်ဆောင်ထားတာကိုလည်း ပရိသတ်တွေမြင်တွေ့ကြမှာပါနော်။

Photo Credit;Wint Yamone Naing's Facebook Account

သူမက ယောင်္ကျားလေးပရိသတ်တွေရော၊ မိန်းကလေးပရိသတ်တွေပါ အခိုင်အမာရရှိထားသူလည်းဖြစ်ပြီး ယခုလက်ရှိသူမရဲ့ အနုပညာလှုပ်ရှားမှုကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လတ်တလော အွန်လိုင်းပေါ်မှာခေတ်စားနေတဲ့ မမဆိုတဲ့ စကားလေးနဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က “ကဲပြော မ ဘာဆက်လုပ်ရမလဲ “ဆိုပြီး ခပ်မိုက်မိုက် စတိုင်လေးနဲ့အတူ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှတဆင့် တင်ပေးထားတာပဲဖြစ်ပါတယ်။

Photo Credit;Wint Yamone Naing's Facebook Account
Photo Credit;Wint Yamone Naing's Facebook Account

TomBoyပုံစံလေးဝတ်ကာ အချေပုံစံလေးနဲ့ ကြည့်ကာပိုစ့်ပေးနေပုံကလလည်း ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေပါ ကြွေသွားစေလောက်တာမို့ ပရိသတ်တွေလည်း ယမုံလေးကို သဘောကျအချစ်ပိုနေကြမှာပါနော်။ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် အထာကျကျခပ်မိမိပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို တစ်နေ့တစ်မျိုး မရိုးရအောင် အသည်းယားစေတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ရဲ့ ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….။

Type a message...

Photo Credit;Wint Yamone Naing's Facebook Account
Photo Credit;Wint Yamone Naing's Facebook Account
Photo Credit;Wint Yamone Naing's Facebook Account

Source;Wint Yamone Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။