ခန့်မှန်းခြေအားဖြင့် အမေရိကရှိ လူ၁၀ ယောက်မှာ၊ လူ၂ ယောက်ဟာ အိပ်စက်ခြင်းနဲ့ပတ်သက်၍ ရောဂါခံစားနေရပါတယ်။ ပျမ်းမျှအားဖြင့် ပြောရလျှင် လူဦးရေသန်း ၆၀ နီးပါးလောက် အိပ်မပျော်တဲ့ ရောဂါကို ခံစားနေရတာပါ။ တစ်နှစ်ထက် တစ်နှစ် ကျွန်နော်တို့ရဲ့ အိပ်ချင်တွေဟာနည်း နည်းလာပြီး၊ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ များလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ထိုအကြောင်းအရာများကြောင့် ကျွန်ုပ်တို့ဟာ အရင်ကထက် ပို၍ ဂရုစိုက်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်...။

photo credit pngtree

ပရိသတ်ကြီးရေ..အိပ်တော့မယ်ဆိုရင် ညာဘက်ကော စောင်းအိပ်တာထက်၊ ဘယ်ဘက်ကို စောင်းအိပ်တာက ပိုပြီး ကျန်းမာရေးနဲ့ သင့်လျော်တာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေဟာ အချိုးညီစွာရှိတယ်လို့ ထင်ရတယ် ဆိုပေမယ့် ကျွန်ုပ်တို့ အတွင်းထဲက ကလီစာတွေဟာ နေရာတကျနဲ့ ရှိနေတာ မဟုတ်ဖူးဆိုတာ သိထားကြရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘေးဘက်ကို စောင်းပြီး အိပ်မယ်ဆိုရင် ခန္ဓာကိုယ် အတွင်းထဲမှာရှိတဲ့ ကလီစာတွေက ပိုပြီးသက်တောင့်သက်သာ ရှိသွားမှာမလို့ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

photo credit pngtree

ငှက်ပျောသီး အခွံကိုရေထဲထည့်ပြီး ကြိုချက်သောက်ခြင်းဖြင့် သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။ အော်ဂဲနစ် အသီးကို ရေအရင်သေချာဆေးဖို့တော့ လိုပါတယ်နော်။ ငှက်ပျောသီးရဲ့ အခွံဟာ "magnesium" ဓာတ်တွေ ပေါကြွယ်ဝ လွန်းတာကြောင့်ပဲဖြစ်ပါတယ်။ "insomnia" လို့ဆိုတဲ့ အိပ်မပျော်တဲ့ ရောဂါဖြစ်လျှင် သင်ရပ်တန့်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ကြိုးစားဖို့ နည်းလမ်းတွေကတော့သင် အိပ်လို့မရဖူးဆိုရင် အိပ်ရာထဲမှာ ဟိုတွေး၊ ဒီတွေး မတွေးဘဲ "Relaxing Music" နားထောင်တာပဲဖြစ်ဖြစ် စိတ်တည်ငြိမ်အောင် "meditation" လုပ်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါမှသင့်ကိုစိတ်တွေ ရှုတ်မတွေးတော့ပဲ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ အမှန်ပင် ဖြစ်ပါတော့တယ်။

photo credit pngtree
photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့် တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။