အမြဲလိုလို ဆန်းသစ်တီထွင်ထားတဲ့ ခေတ်ရှေ့ပြေး ဖက်ရှင်များ ဝတ်စားတတ်မှုတို့ကြောင့် ပရိသတ်တွေ ကြွေဆင်းနေရသူလေးကတော့ ပြည်သူချစ် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ အမြဲလိုလိုလည်း ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်လည်း အားလုံးက ချစ်မဝဖြစ်နေရတာပါ။ သင်ဇာရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်တွေကျော်ပြီပဲဖြစ်ပြီး ယနေ့ထိတိုင်လည်း အောင်မြင်မှုတွေရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

သင်ဇာဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေနဲ့ ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " မြမြ " ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြည့်ရှုရန် စောင့်မျှောက်နေကြတာပဲ ဖြစ်ပါတယ်။ မနေ့ညကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပရိသတ်တွေ လုံးဝကို အံ့အားသင့်စေမယ့် ပုံလေးတွေ တင်ခဲ့တာပါ။

Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account
Photo Credit- Thinzar Wint Kyaw’s Facebook Account

ဒါကတော့ သူမရဲ့ ဆံပင်အတိုလေး ညှပ်ထားတဲ့ ပုံရိပ်လေးနဲ့ ဗီဒီယိုတွေကို ပရိသတ်တွေကို ဝေမျှလိုက်တာပါ။ သင်ဇာဟာ ဒီဆံပင်တိုလေးနဲ့လည်း ကလေးတစ်ယောက်လိုနုပျိုလှပနေလွန်းတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအမြင်တစ်မျိုးဆန်းသစ်သွားအောင် သူမရဲ့ဆံပင်ပုံစံသစ်လေးကိုထုတ်ပြလိုက်တဲ့သင်ဇာရဲ့Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Thinzar Wint Kyaw’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။